Homeပြည်တွင်းသတင်းရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ရေပက်ခံကား ဘီးကျွတ်တိမ်းမှောက်

ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ရေပက်ခံကား ဘီးကျွတ်တိမ်းမှောက်

၁၄ ဧပြီ ၂၀၂၆၊ New Day Myanmar

ရန်ကုန်မြို့ ဒဂုံမြို့သစ်အမြောက်ပိုင်းမြို့နယ်မှာ ရေပက်ခံကား ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ဒီကနေ့ ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်း တောင်/မြောက် လမ်းဆုံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ကားက မောင်းနေရင်းနဲ့ ဘီးကျွတ်ထွက်ပြီး အရှိန်နဲ့ဆိုတော့ စောင်းပြီး လဲသွားတယ်။ ကားပေါ်မှာတော့ ၁၀ ဦးကျော် ပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့။ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ဆို ခုနှစ်ဦးလောက် ထိခိုက်ဒဏ်ရာရသွားကြတယ်။” လို့ အဲ့ဒီလမ်းဆုံမှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတစ်ဦးက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဒေသခံ မြို့ဦးလုလင် နာရေးကူညီမှုအသင်းက မြောက်ဥက္ကလာ (မေဓာဝီ) ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြို့ဦးလုလင် နာရေးကူညီမှုအသင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး