Homeပြည်တွင်းသတင်းရန်ကုန် ကြည့်မြင်တိုင်မှာ ရပ်ထားတဲ့ကားအတွင်း ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ

ရန်ကုန် ကြည့်မြင်တိုင်မှာ ရပ်ထားတဲ့ကားအတွင်း ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ

၁၀ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာလမ်းမပေါ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအရှေ့မှာ ရပ်ထားတဲ့ ကားအတွင်းပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တလောင်းတွေ့ရှိရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်း‌တွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ အဲဒီရပ်ထားတဲ့ ကားအနီး စည်ပင်သာယာရေးဝန်ထမ်းအမျိုးသမီးက အမှိုက်သိမ်းစဉ်မှာ ကားအတွင်းအ ပုပ်နံ့ရသလို သွေးတွေစီးကျနေတာလည်း တွေ့ရတာကြောင့် သက်ဆိုင်ရာကို ဆက်သွယ်ခဲ့တာလို့ သိရပါတယ်။

ကားအတွင်းသေဆုံးနေတဲ့ အမျိုးသား ဘာ့ကြောင့်သေဆုံးရသည်မသိရှိရသေးသလို့ သေဆုံးသူဟာ ဘယ်သူဖြစ်တယ်ဆိုတာမျိုးလည်း အတည်မပြုနိုင်သေးဘူးလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

လတ်တလော သေဆုံးသူအမျိုးသားရုပ်အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့်လို့ သိရပါတယ်။

ဓာတ်ပုံ-Zaw Min OO

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး