Homeအထူးသတင်းထိုင်း-ကမ္ဘောဒီးယားအပစ်အခတ်ရပ်စဲရေး အာဆီယံအထူးအစည်းအဝေး ယနေ့ထပ်မံပြုလုပ်

ထိုင်း-ကမ္ဘောဒီးယားအပစ်အခတ်ရပ်စဲရေး အာဆီယံအထူးအစည်းအဝေး ယနေ့ထပ်မံပြုလုပ်

၂၄ ဒီဇင်ဘာ ၂၀၂၅

ဒီဇင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေးအတွက် တစုံတရာ သဘောတူညီချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။

နှစ်ဖက်နိုင်ငံတွေဟာ အရင်ကရရှိထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်း ပြန်လည်ဆောင်ရွက်ဖို့ မူအားဖြင့်သဘောတူခဲ့ကြပေမဲ့ တိကျတဲ့ အပစ်ရပ်စဲရေးအတွက်မူ တင်းမာတဲ့တောင်းဆိုချက်တွေကြောင့် ညှိနှိုင်းမရခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းဘက်က ကမ္ဘောဒီးယားအနေနဲ့ အရင်ဆုံး အပစ်ရပ်ကြောင်း ကြေညာဖို့နဲ့ သူတို့ဘက်က အရင်စတိုက်တာဖြစ်ကြောင်း ဝန်ခံဖို့ တောင်းဆိုထားပြီး၊ ကမ္ဘောဒီးယားဘက်က‌လုံခြုံစိတ်ချရတဲ့ ကြားနေနယ်မြေမှာသာ ဆွေးနွေးလိုနေပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့် နှစ်ဖက်နိုင်ငံမှ လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၉ သိန်းနီးပါး စစ်ဘေးရှောင်နေရကာ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံ၊ ကျန်ထပူရီခရိုင်၌ အထွေထွေနယ်စပ်ကော်မတီ (GBC) အဆင့်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး