Homeပြည်တွင်းသတင်းစစ်ကော်မရှင်ရွေးကောက်ပွဲ တရားမျှတမှုမရှိလို့ သိက္ခာရှိတဲ့နိုင်ငံကြီးတွေရပ် တည်ပြသနေဟု CRPH ဥက္ကဋ္ဌပြော

စစ်ကော်မရှင်ရွေးကောက်ပွဲ တရားမျှတမှုမရှိလို့ သိက္ခာရှိတဲ့နိုင်ငံကြီးတွေရပ် တည်ပြသနေဟု CRPH ဥက္ကဋ္ဌပြော

၂၀ ဒီဇင်ဘာ ၂၀၂၅

စစ်ကော်မရှင်ရွေးကောက်ပွဲ တရားမျှတမှုမရှိလို့ သိက္ခာရှိတဲ့နိုင်ငံကြီးတွေကရပ် တည်ပြသနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၈ရက်မှစတငင်ပြီး ၂ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး နိဂုံးချုပ် အမှာစကားပြောကြားရာမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ အတုအယောင် ဟန်ပြရွေးကောက်ပွဲကျင်းပပြီးတော့ သူတို့ စိတ်တိုင်းကျ လူရွေးထားပြီးတော့ အာဏာရှင်တွေကို ဆက်လက်ရွေးချယ်ပြီး အာဏာရှင်တွေကို ဆက်လက်ရွေးချယ်ပြီး နိုင်ငံနဲ့ ပြည်သူကို ဆင်းရဲတွင်း ထပ်နက်ဖို့ အဆုံးတိုင် ဖျက်ဆီးဖို့ရာ ကြိုးစားနေတာ ကျနော်တို့လုံး၀လက်ခံလို့မရပါဘူး”လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအနေနဲ့လည်း အား လုံး ကောင်းစွာသဘောပေါက်နားလည်ပြီးဖြစ်သလိုတော်လှန်ရေးအင်အားစုတွေကြားမှာ လက်တွဲညီညီ ချီတက်ဆောင် ရွက်မှုဟာ အလွန်အဓိကကျကြောင်းပြောကြားခဲ့တာပါ။

ဒါ့အပြင်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း စစ်အုပ်စုရွေးကောက်ပွဲ ကိုတန်ပြန်ဖို့နဲ့ အဲဒီလို တန်ပြန်ဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေရှိနေပြီဆိုတာကိုလည်း တွေ့နေရကြောင်းဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ-CRPH

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး