Homeပြည်တွင်းသတင်းစစ်ကော်မရှင် ဗဟိုဘဏ်က ပြည်ပကနေ စက်သုံးဆီတင်သွင်းဖို့ သွင်းကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာ ၄၅ သန်း ထုတ်ရောင်း

စစ်ကော်မရှင် ဗဟိုဘဏ်က ပြည်ပကနေ စက်သုံးဆီတင်သွင်းဖို့ သွင်းကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာ ၄၅ သန်း ထုတ်ရောင်း

၂၄ မတ် ၂၀၂၆ ၊ New Day Myanmar

စစ်ကော်မရှင် ဗဟိုဘဏ်က ပြည်ပကနေ စက်သုံးဆီတင်သွင်းဖို့ ရည်ရွယ်ပြီး သွင်းကုန်ကုမ္ပဏီတွေကို ဒေါ်လာ ၄၅ သန်း ထုတ်ရောင်းချပေးမယ်လို့ မနေ့က မတ်လ ၂၃ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ပြည်တွင်း စက်သုံးဆီလိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ဖို့ ပုဂ္ဂလိက သွင်းကုန်လုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားငွေကို သက်ဆိုင်ရာဘဏ်တွေကတစ်ဆင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအကြိမ် ရောင်းချပေးတာအပါအဝင် ယခု မတ်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေဆီကို အမေရိကန်ဒေါ်လာ ၁၄၁ သန်းအထိ ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ စက်သုံးဆီတင်သွင်းသူအချို့ကို New Day Myanmar က ဆက်သွယ်မေးမြန်းပေမယ့် ဒီအပေါ် မှတ်ချက်မပြုလိုဘူးလို့ ဖြေကြားပါတယ်။

စစ်တပ် အာဏာသိမ်း ၅ နှစ်အတွင်းမှာ နိုင်ငံခြားငွေလဲလှယ်ရေး ကန့်သတ်ချက်တွေအပြင် ကုန်သွယ်တာတွေကိုပါ ကန့်သတ်ခဲ့တာကြောင့် ပြည်တွင်းမှာ ဓာတ်မြေဩဇာ၊ ဆေးဝါးနဲ့ ဆေးဝါးကုန်ကြမ်းပစ္စည်းတွေ၊ စက်မှုကုန်ကြမ်း၊ စားသုံးကုန်၊ လူသုံးကုန်တွေအပါအဝင် အခြားကုန်စည်ဈေးနှုန်းတွေဟာ တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံခြားငွေလဲလှယ်ကိုင်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ Non-Trade Transaction ကနေ ဝယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး