Homeပြည်တွင်းသတင်းခရိုနီ ဦးတေဇ ရဲ့ Htoo Trading အပါကုမ္ပဏီ (၁၇) ခုကို အမည်မည်းစာရင်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပြန်လည်ပယ်ဖျက်

ခရိုနီ ဦးတေဇ ရဲ့ Htoo Trading အပါကုမ္ပဏီ (၁၇) ခုကို အမည်မည်းစာရင်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပြန်လည်ပယ်ဖျက်

၂၈ ဧပြီ ၂၀၂၆ | New Day Myanmar

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့်အတွက် အမည်မည်းစာရင်း (Blacklist) ထဲသို့ ထည့်သွင်းခံထားရတဲ့ ကုမ္ပဏီတွေထဲက ဦးတေဇ ပိုင်ဆိုင်တဲ့ Htoo Trading အပါအဝင် ကုမ္ပဏီ ၁၇ ခုကို အမည်မည်းစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က တရားဝင်ထုတ်ပြန်ကြေညာပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီ ၁၇ ခုဟာ အရင်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေခြင်းကြောင့် အရေးယူခံထားရတာဖြစ်ပြီး၊ ယခုအခါ ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်တာကြောင့် ကုမ္ပဏီတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအပေါ် ချမှတ်ထားတဲ့ တားမြစ်ချက်တွေကို ရုပ်သိမ်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမည်မည်းစာရင်းမှ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေမှာ

Yang Brothers National Co.,Ltd၊ Multi World Trade Co.,Ltd၊ Myanmar Yulin Co.,Ltd၊ N.Y.K Global Diamond Crown Co.,Ltd၊ BAAB’s Myanmar Co.,Ltd၊ Mogok Hair Co.,Ltd၊ Biopro (Myanmar) Co.,Ltd၊ Lucky Marine Products Co.,Ltd၊ Min Gamani Co.,Ltd၊ San Dara Aung Co.,Ltd၊ RRR Non Woven Manufacture Co.,Ltd၊ MMSM (Myawaddy) Co.,Ltd၊ Zwe Tharaphu Co.,Ltd၊ Hao Yuan Co.,Ltd၊ Htoo Trading Co.,Ltd နှင့် Rax Myanmar Co.,Ltd တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဟာ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှု မရှိတဲ့ ကုမ္ပဏီရာချီကို ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းကာ အမည်မည်းစာရင်းသွင်းခြင်းနှင့် ခရီးသွားလာခွင့်တားဆီးခြင်းများ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာလည်း ပို့ကုန်ရငွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်တဲ့ ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး