Homeပြည်တွင်းသတင်းကသာမှာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုဖြစ်၊ သံဃာတွေအပါအဝင် အများအပြားသေဆုံး

ကသာမှာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုဖြစ်၊ သံဃာတွေအပါအဝင် အများအပြားသေဆုံး

၂၁ မတ်လ ၂၀၂၆ | New Day Myanmar

စစ်ကိုင်းတိုင်း၊ ကသာမြို့ အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သံဃာတော်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၂၀ ရက် မနက်ပိုင်းက မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ FTC-2000G ဂျက်ဖိုက်တာ ၂ စီးဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဲ့ဒီဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ချိန်ဟာ သံဃာတော်တွေ ဆွမ်းဘုန်းပေးနေတဲ့ အချိန်ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေပါ အများအပြား ခိုလှုံနေတဲ့အချိန် ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကနဦးအတည်ပြုချက်အရ သံဃာတော် ၁ ပါး၊ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားနေတယ်လို့ သိရပါတယ်။ သို့သော် ဒေသခံတွေက သေဆုံးသူ အရေအတွက်ဟာ ဆယ်ချီကနေ အများဆုံး ဒါဇင်ချီအထိ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပြီး သီးခြားအတည်ပြုနိုင်မှု မရှိသေးပါဘူး။

လေကြောင်းတိုက်ခိုက်မှုကြောင့် မဟာလေးထပ်ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားခဲ့ပြီး အနီးနားရှိ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေရာမှာ စစ်ဘေးရှောင်ပြည်သူတွေ အများအပြား ခိုလှုံနေသလို သံဃာတော်တွေလည်း ရှိနေတဲ့အချိန် တိုက်ခိုက်ခံရတာ ဖြစ်ပြီး အရပ်သားထိခိုက်မှု အများအပြားရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ သံဃာ၊ ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၁၀ ဦးကျော်ရှိနေတယ်လို့ ထုတ်ပြန်ထားပြီး ဒေသခံတွေကတော့ သဖန်းကိုင်းရွာနဲ့ ဘုန်းကြီးကျောင်းနေရာ ၂ ခု ပေါင်းပြီး သေဆုံးသူ ၅၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး