ရန်ကုန်မှာ အင်တာနက်လိုင်းကျနေတာကြောင့် အွန်လိုင်းငွေကြေးလွှဲတဲ့ ဝန် ဆောင်လုပ်ငန်းတွေမှာ အခက်တွေ့နေရတယ်လို့ ရန်ကုန်ငွေလွှဲလုပ်ငန်းလုပ် ဆောင်သူတဦးက New Day Myanmar ကိုပြောပါတယ်။
အင်တာနက်လိုင်းပြတ်တောက်တာတွေဟာ ရန်ကုန်မှာတင်မဟုတ်ဘဲ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာပါ ကြုံတွေနေရတယ်လို့ မန္တလေး မြို့ခံတဦးက ဆိုပါတယ်။
အဲဒီလိုပြတ်တောက်တာဟာ နိုဝင်ဘာ ၁ ရက်ကနေစတင် ပြတ်တောက်နေတာဖြစ်ပြီး၊ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့အထိ Wifi လိုင်းတွေ ရတချက်မရတချက်ဖြစ်နေတယ် လို့ သိရပါတယ်။
“လုံးလုံးမရတာမျိုးမဟုတ်ဘူး။ လိုင်းတွေကျနေတာပေါ့။ အခုက Kpay တွေ Wave ပေးတွေ လွှဲဖို့တောင် ခက်ခဲနေကြတယ်။ Kpay ကတော့ နည်းနည်းရတယ်ပြောရတယ်။ ဒါတောင်မနက်ပိုင်မရဘူး နေ့လည်ပိုင်းလောက်မှရတယ်။ Wave က ဘယ်လိုမှလွှဲမရဘူး။”လို့ ရန်ကုန်နေ ငွေလွှဲလုပ်ကိုင်သူတဦးကပြောပါတယ်။
ဝိုင်ဖိုင်ကုမ္ပဏီတွေနဲ့ Call Center တချို့က အစောပိုင်းက ယာယီပြတ်တောက် တာလို့ပြောပေမဲ့ အခုလို ရက်ကြာတဲ့အထိ ပြတ်တောက်တာ ဒါမှမဟုတ် လိုင်းမကောင်းတာတွေကို ကြုံနေရတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ သတင်းစီးဆင်းမြန်ဆန်စေဖို့ ရန်ကုန်အပလ အခြားမြို့ကြီးတွေက နေထိုင်သူတွေအနေနဲ့ ကိုယ့်မြို့နယ်အလိုက် အိမ်သုံးဝိုင်ဖိုင်တွေသုံးစွဲရမှုဘယ်လို အခြေအနေရှိနေလဲဆိုတာကို မှတ်ချက်ပေးမျှဝေပေးဖို့ New Day Myanmar က ဖိတ်ခေါ်ပါတယ်။


