Homeပြည်တွင်းသတင်းရန်ကုန်မှာ အင်တာနက်လိုင်းပြတ်တောက်နေတာကြောင့် ‌အွန်လိုင်းလုပ်ငန်းတွေနဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ အခက်တွေ့နေ

ရန်ကုန်မှာ အင်တာနက်လိုင်းပြတ်တောက်နေတာကြောင့် ‌အွန်လိုင်းလုပ်ငန်းတွေနဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ အခက်တွေ့နေ

နိုဝင်ဘာ ၂၀၂၅

ရန်ကုန်မှာ အင်တာနက်လိုင်းကျနေတာကြောင့် ‌အွန်လိုင်းငွေကြေးလွှဲတဲ့ ဝန် ဆောင်လုပ်ငန်းတွေမှာ အခက်တွေ့နေရတယ်လို့ ရန်ကုန်ငွေလွှဲလုပ်ငန်းလုပ် ဆောင်သူတဦးက New Day Myanmar ကိုပြောပါတယ်။

အင်တာနက်လိုင်းပြတ်တောက်တာတွေဟာ ရန်ကုန်မှာတင်မဟုတ်ဘဲ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာပါ ကြုံတွေနေရတယ်လို့ မန္တလေး မြို့ခံတဦးက ဆိုပါတယ်။

အဲဒီလိုပြတ်တောက်တာဟာ နိုဝင်ဘာ ၁ ရက်ကနေစတင် ပြတ်တောက်နေတာဖြစ်ပြီး၊ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့အထိ Wifi လိုင်းတွေ ရတချက်မရတချက်ဖြစ်နေတယ် လို့ သိရပါတယ်။

“လုံးလုံးမရတာမျိုးမဟုတ်ဘူး။ လိုင်းတွေကျနေတာပေါ့။ အခုက Kpay တွေ Wave ပေးတွေ လွှဲဖို့တောင် ခက်ခဲနေကြတယ်။ Kpay ကတော့ နည်းနည်းရတယ်ပြောရတယ်။ ဒါတောင်မနက်ပိုင်မရဘူး နေ့လည်ပိုင်းလောက်မှရတယ်။ Wave က ဘယ်လိုမှလွှဲမရဘူး။”လို့ ရန်ကုန်နေ ငွေလွှဲလုပ်ကိုင်သူတဦးကပြောပါတယ်။

ဝိုင်ဖိုင်ကုမ္ပဏီတွေနဲ့ Call Center တချို့က အစောပိုင်းက ယာယီပြတ်တောက် တာလို့ပြောပေမဲ့ အခုလို ရက်ကြာတဲ့အထိ ပြတ်တောက်တာ ဒါမှမဟုတ် လိုင်းမကောင်းတာတွေကို ကြုံနေရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ သတင်းစီးဆင်းမြန်ဆန်စေဖို့ ရန်ကုန်အပလ အခြားမြို့ကြီးတွေက နေထိုင်သူတွေအနေနဲ့ ကိုယ့်မြို့နယ်အလိုက် အိမ်သုံးဝိုင်ဖိုင်တွေသုံးစွဲရမှုဘယ်လို အခြေအနေရှိနေလဲဆိုတာကို မှတ်ချက်ပေးမျှဝေပေးဖို့ New Day Myanmar က ဖိတ်ခေါ်ပါတယ်။

Related News

Most Read