Homeပြည်တွင်းသတင်းရန်ကုန် ပန်းဘဲတန်းမြို့နယ်က ဟိုတယ်တခုမှာ အမျိုးသမီးတဦး ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွား

ရန်ကုန် ပန်းဘဲတန်းမြို့နယ်က ဟိုတယ်တခုမှာ အမျိုးသမီးတဦး ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွား

အောက်တိုဘာ ၂၀၂၅

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်က ဟို တယ်တခုမှာ အမျိုးသမီးတဦးကို ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်ပြီး သတ်ခံထားရတဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ ပန်းဘဲတန်းမြို့နယ်နေသူတဦးက New Day Myanmar အတည်ပြုပြောကြားပါတယ်။

“ဟုတ်ပါတယ်။ ဒါပေမဲ့အခြေအနေက ဘာမှပြောလို့မရသေးဘူး၊ ဒီမနက် ရဲနဲ့အုပ်ချုပ်ရေးပိုင်းအဖွဲ့တွေလာပြီးစစ် ဆေးတယ် အနားက စီစီတီဗွီ တွေကိုလည်း စစ်နေတယ်။ အသက်ငယ်ပိုင်းထဲကလို့တော့ကြားတယ်၊ ဟိုတယ်ကတော့ ခဏ ပိတ်ထားရတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ် ဖြစ်ပွားတဲ့ဟိုတယ်ဟာ ပန်းဘဲတန်းမြို့နယ်၊ ၃၂လမ်း (အထက်)က Beauty Land Hotel အခန်း နံပါတ် ၅၀၂ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဒီနေ့ အောက် တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ အဲဒီအ ခန်းပြတင်းပေါက် အဲယားကွန်းတင်တဲ့စင်ပေါ်မှာ ပလတ်စတစ်အိတ်အပြာနဲ့ထုတ်ပြီး တင်ထားရာကနေ သိရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အတွက် New Day Myanmar က Beauty Kand Hotel ကိုဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဖြစ်စဉ်အတွက် ပန်းဘဲတန်းမြို့နယ်ရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး တရားခံဖမ်းဆီးရမိရေးဆောင် ရွက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာဖြစ်ပွားခဲ့တာကြောင့် မြို့ခံတွေအကြားစိတ်ဝင်စားမှုမြင့်တက်နေသလို ဟိုတယ်တွေအနေနဲ့ ဧည့်သည်လာရင်မှတ်ပုံတင်အပ်နှံထားရတာကြောင့်တရားခံရဲ့အချက်အလက်တွေကို သိထားရပြီး ဖမ်းဆီးရမိနိုင်တယ်လို့လည်း မှတ်ချက်ပြုပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း လသာမြို့နယ်က နယူးပါတီ KTV မှာ တရုတ်နိုင်ငံသားတယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး