နိုင်ငံကျော် တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့”ရေဒီယိုကမာရွတ်”တေးသီချင်းကို Post တင်တာ Share ထားတာများဖြုတ်ချပေးရန် သမီးဖြစ်သူက တောင်းဆိုထားပြီး ၊ အဲဒီလို မပြုလုပ်ရင် တရားဥပဒေအရဖြေရှင်းသွားမယ်လို့ ဒီနေ့ အောက် တိုဘာ ၆ ရက်မှာ သူမရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာဖြစ်ပါတယ်။
ဖခင်ဖြစ်သူရဲ့ အဲဒီသီချင်းတွေကိုကြိုက်လို့ ချစ်တဲ့စိတ်နဲ့ Share မိထားတယ်ဆိုရင်တောင် Post တွေပြန်လည်ဖြုတ်ချပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
“ကျမအဖေကသီချင်းတွေရေးခဲ့တယ်
လူ့ဘဝနေရာမျိုးစုံ ရှု့ထောင့်ပေါင်းစုံကိုဝင်ခံစားပြီး ရေးစပ်ခဲ့တာတွေက သူ့ရဲ့သိက္ခာကိုစော်ကားဖို့မဟုတ်ပါဘူး။တချို့က ရည်ရွယ်ချက်ရှိရှိကို မလိုအပ်ဘဲ နောက်ကွယ်က ဇာတ်လမ်းတွေ ချဲ့ကားရေးသားလာကြတယ်။ မှန်၏မမှန် ၏ မဆင်ခြင်ဘူး။ like ရပြီးရော ရမ်း တုတ်ဇာတ်လမ်းဆင်နေကြတာ ရပ်ပေးကြပါ”လို့ တောင်းဆိုထားပါတယ်။
ဒီလိုဖြုတ်ချခိုင်းရခြင်း အဓိကအရင်းခံဟာ လွန်ခဲ့တဲ့ ၄နှစ်လောက်က Mizzima သတင်းဌာန အင်တာဗျူးရဲ့ နောက်ဆက် တွဲပြဿနာအဖြစ် Page တွေက Like ရ အောင်ပြန်ဖွတင်ကြသလို ဆက်လက် Share နေကြတာဖြစ်တဲ့အပြင် သီချင်းထဲမှာ သရုပ်ဆောင်ထားသူဟာ သူ့ကိုယ်သူ “ရေဒီယိုကမာရွတ်”ဖြစ်တယ်လို့ ပြောလာတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဒါဟာ အဖေရဲ့ဂုဏ်သိက္ခာကျဆင်းအောင်Comments တွေရေးနေတာတွေဖြစ်လာတဲ့အပြင် လူတချို့က အဖေရဲ့ပုံတွေကိုပါ အသုံးပြုပြီး Post ပြန်တင်တာ Share နေကြတာတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် အသက် ၈၀ နားကပ်နေပြီးလေဖြတ်ဝေဒနာ ခံစားခဲ့ရတဲ့ ဖခင်ဂုဏ် သိက္ခာအတွက် ဒီလို Post တင်တာShare ထားတာတွေတွေ့ရင် တရားဥပဒေအရ ဆက်ဖြေရှင်းသွားမယ်လို့ ဆိုထားပါတယ်။


