စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက် ပွဲ နီးကပ်လာတာနဲ့အမျှ ရန်ကုန်မှာ မြို့ပြပျောက်ကျားအဖွဲ့ရဲ့ ဗုံးခွဲတိုက်ခိုက်တာတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းမှာဘဲ မြို့ပြ UG တွေဟာ ရွေးကောက်ပွဲကို အားပေးထောက်ခံနေတဲ့ မြို့နယ်အသီး သီးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါ မြို့နယ်ရဲစခန်းတွေကို ဗုံးခွဲတိုက်ခိုက်တာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ ဗုံးခွဲတိုက်ခိုက်မှုအတန် ကြာငြိမ်သက်နေရာကနေ စစ်ကော်မရှင်က ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အသိ ပေးကြေညာချက်တွေ ထုတ်ပြန်အပြီးမှာဘဲ ဗုံးခွဲတိုက်ခိုက်တာတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာတာဘဲဖြစ်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့မှာ တောင်ဥက္ကလာမြို့နယ်၊ ၁၀ ရပ်ကွက်ရုံးက ရဲနဲ့ပျူများကို ပစ်မှတ်ထားပြီး မြို့ပြကြွက်အဖွဲ့က လက်ပစ်ဗုံး ၂ လုံး၊ ပြင်းအားမြင့် လက်ပစ်မိုင်း ၂ လုံးနဖြ့ ပစ်ခတ်တိုက် ခိုက်တယ်လို့ သိရပါတယ်။
အဲဒီနေ့ ည ၁၁ နာရီခန့်မှာဘဲ မြောက်ဥက္ကလာမြို့နယ်တွင်းက ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်ရုံးထဲကို ပစ်မှတ်ထားပြီး Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့မှ ပြင်းအားမြင့်မိုင်း ၁ လုံး ၊ လက် ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါအပြင် စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီခန့်မှာ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ဗဟန်းရဲစခန်းကို Operation Flame, အနောက်ပိုင်းခရိုင်ပကဖ၊ ကြည့်မြင်တိုင် ပကဖ နဲ့ လသာပကဖတို့က လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်စုံမှာ ဗုံးခွဲတိုက်ခိုက်တာတွေဟာ စက်တင်ဘာ တလထဲမှာတင် ၁၀ကြိမ်မနည်း ရှိခဲ့ပြီဖြစ်တာကို Rangoon Scout Network ရဲ့အသိပေးချက်တွေအရ သိရပါတယ်။


