Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် နယူးယောက်မြို့တွင် ပြည်ပရောက်မြန်မာများ ဆန္ဒထုတ်ဖော်

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် နယူးယောက်မြို့တွင် ပြည်ပရောက်မြန်မာများ ဆန္ဒထုတ်ဖော်

၃ မေ ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံ၊ New York City မြို့ရှိ Foley Square မှာ ဒီကနေ့ မေလ ၃ ရက်နေ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ အထောက်အထား (Proof of Life) ပြသပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ ပါဝင်သူတွေဟာဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိအခြေအနေကို ခိုင်လုံစွာ သိရှိနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဖိအားပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် Spring Coalition for a Federal Democratic Myanmar (SCEF) အနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားကြောင်းကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ခေါင်းဆောင်နဲ့ အာဏာသိမ်းအစိုးရကို လုံးဝလက်မခံကြောင်း၊ ကမ္ဘာသိ ဆန့်ကျင်ကန့်ကွက်ကြောင်း စသည်ဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို New York ပြည်နယ်နဲ့ အနီးဝန်းကျင်ဒေသများမှ ပြည်သူတွေ တခဲနက် ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး