Homeပြည်တွင်းသတင်းတောင်ကိုရီးယားနိုင်ငံသားတဦး ရန်ကုန်မှာ အသတ်ခံရ

တောင်ကိုရီးယားနိုင်ငံသားတဦး ရန်ကုန်မှာ အသတ်ခံရ

၃ ဩဂုတ် ၂၀၂၅

ရန်ကုန်မြို့၊ မရမ်းကုန်း၊ ကမ္ဘာအေးကွန်ဒိုမှာနေထိုင်တဲ့ တောင်ကိုရီးယား နိုင်ငံသား ကင်ယောင်ဒတ် ဆိုသူဟာ ဩဂုတ် ၂ ရက်နေ့က အခန်းတွင်းမှာ ဒဏ်ရာတွေနဲ့ အသတ်ခံထားရတယ် လို့ သိရပါတယ်။

အခုသတ်ဖြတ်မှုဖြစ်စဉ်ဟာ လုယက်သတ်ဖြတ်မှုဖြစ်စဉ်ဖြစ်နိုင်တယ်လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

အဆိုပါ သေဆုံးမှုကို စစ်ကောင်စီလက်အောက်ခံ မရမ်းကုန်း ရဲစခန်းက ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ အမှုဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Related News

Most Read