Homeပြည်တွင်းသတင်းငလျင်ဘေး‌ကြောင့် KIA အပစ်ရပ်မယ်လို့ အသိပေး စစ်တပ်အနေနဲ့ထုတ်ပြန်ထားတဲ့အတိုင်းလိုက်နာဖို့ KIA သတိပေး

ငလျင်ဘေး‌ကြောင့် KIA အပစ်ရပ်မယ်လို့ အသိပေး စစ်တပ်အနေနဲ့ထုတ်ပြန်ထားတဲ့အတိုင်းလိုက်နာဖို့ KIA သတိပေး

ဧပြီ၊၂၀၂၅

ငလျင်ဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေနဲ့ ငလျင်ဘေးသင့်တဲ့ကာလအတွင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို သီတင်းသုံးပတ်အထိ ရပ်ဆိုင်းထားမယ်လို့ KIO ကတစ်ဆင့် ထုတ်ပြန်အ သိပေးလာပါတယ်။

KIO ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်တပ်ဘက်ကလည်း အပစ်ကြေညာချက်ထဲမှာပါတဲ့အချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့ KIO/KIA က အဓိကအချက်တစ်ချက်အနေနဲ့ ထည့်သွင်းပြောဆိုထားပြီး ယာယီအပစ်ရပ်စဲမှု သတ်မှတ်ချက်တွေကို ဘက်အသီးသီးကလည်း လိုက်နာဖို့ လိုအပ်တဲ့သဘော KIO/KIA က တိုက်တွန်းထား ပါတယ်။

ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် အပစ်ရပ် မယ် လို့ ကြေညာပြီး KIA ကပါ အပစ်ရပ်ဖို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း ထိုးစစ် ၂ ပတ်ရပ်မယ်လို့ ကြေညာထားသလို မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကလည်း ဧပြီတစ်လလုံး ထိုးစစ်ရပ်မယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီကတော့ ယာယီအပစ်ရပ်ထားတဲ့ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အများပြည်သူသွားလာဖြတ်သန်းတဲ့လမ်းတွေကို ဖျက်ဆီးတာ၊ ပြည်သူ တွေရဲ့ အသက်အိုးအိမ်ကို ထိခိုက်စေတာ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုး ရေးကိုဆောင်ရွက်နေ တဲ့စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေရဲ့ တပ်စခန်းကို တိုက်ခိုက်တာတွေ မပြုလုပ်ဖို့နဲ့ နယ်မြေမချဲ့ထွင်ဖို့ကို တားမြစ် ထားပြီး တကယ်လို့ ဆောင်ရွက်ရင် လိုအပ်သလိုတုံ့ပြန်ပြီး အရေးယူမယ်လို့လည်း ရေးသားပြောဆိုထားပါတယ်။

ဓာတ်ပုံ- The Diplomat

Related News

Most Read