Homeပြည်တွင်းသတင်းငလျင်ဒဏ်ကြောင့် သေဆုံးသူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၆၀၀ ကျော်လာ

ငလျင်ဒဏ်ကြောင့် သေဆုံးသူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၆၀၀ ကျော်လာ

၂၉ မတ်၊ ၂၀၂၅

ငလျင်ဒဏ်ကြောင့် သေဆုံးသူဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၆၄၄ ဦး အထိရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ ၃၄၀၈ ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်​၊ သေဆုံးဒဏ်ရာရရှိသူ ဦးရေဟာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေ ထံက သိရပါတယ်။

ဓါတ်ပုံ – လူမှုကွန်ရက်

Related News

Most Read