Homeပြည်တွင်းသတင်းငလျင်ကြောင့် ရမည်းသင်းတွင် သေဆုံးသူ ၁၂ ဦးအထက်ရှိ၊ အကူအညီများလိုအပ်နေ

ငလျင်ကြောင့် ရမည်းသင်းတွင် သေဆုံးသူ ၁၂ ဦးအထက်ရှိ၊ အကူအညီများလိုအပ်နေ

၂၈ မတ်၊ ၂၀၂၅

ယနေ့ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၅၁) မိနစ်၊ (ဝ၂) စက္ကန့် အချိန်တွင် (၇.၇) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် ရမည်းသင်းမှာ သေဆုံးသူ ၁၂ ဦးအထက်ရှိပြီး ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းက New Day Myanmar ကိုပြောပါတယ်။

“အဆောက်အဦတွေ အကုန်ပြိုကျတယ်။ သေဆုံးသူကလည်း များတယ်။ အခုက ရှာဖွေရေးလုပ်နေတုန်း။ ဒီမှာက အင်အားလည်းနည်းတယ်လေ။ အကူအညီတွေကတော့ လိုအပ်ပါတယ်” လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မန္တလေးမြေငလျင်စခန်းကနေ တိုင်းတာချက်အရ အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၂.၀၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားတာဖြစ်ပါတယ်။

ဓါတ်ပုံ – မွန်မြတ်သူလူမှုကယ်ဆယ်ရေးအသင်း

Related News

Most Read