Homeပြည်တွင်းသတင်းစစ်ကိုင်းတိုင်းမှာ အင်းအားရှိ မြေငလျင် လှုပ်ရှားမှုဖြစ်ပွား၊ မန္တလေးက သိသိသာသာ ခံစားရ

စစ်ကိုင်းတိုင်းမှာ အင်းအားရှိ မြေငလျင် လှုပ်ရှားမှုဖြစ်ပွား၊ မန္တလေးက သိသိသာသာ ခံစားရ

၁၈ ဇူလိုင် ၂၀၂၅

စစ်ကိုင်းတိုင်းထဲမှာ ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ နောက်ဆက်တွဲမြေငလျင်တခု ဇူလိုင်လ၁၈ရက် ညနေ ၄ နာရီက လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ အင်အားရှိ နောက်ဆက်တွဲ မြေငလျင် လှုပ်ရှားမှုဖြစ်ပွား

ဇူလိုင်(၁၈) ၂၀၂၅ မန္တလေးမြို့မှာ ရစ်ချ်တာစကေး ၅.၄ အဆင့် အင်အားရှိတဲ့ နောက်ဆက်တွဲမြေငလျင်တစ်ခု ဇူလိုင်လ ၁၈ ရက် ညနေ ၄ နာရီက လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါငလျင်ဟာ စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ အနီးကို ဗဟိုပြုပြီး မြေအောက်အနက် ၂၁.၇ မိုင်ကနေ လှုပ်ရှားသွားခဲ့တယ်လို့ မြေငလျင်နဲ့ ပတ်သက်တဲ့ Appကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီက လှုပ်ရှားခဲ့တဲ့ မြေငလျင်ဟာ အင်အား ရစ်(ခ်)တာစကေး ၅.၅ အဆင့် နဲ့ မြေ အောက်အနက် ၁၈ မိုင်ကနေ မတ္တရာမြို့ရဲ့ အနောက် မြောက်ဘက် (၆) မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး