Homeပြည်တွင်းသတင်းမန္တလေးမှာ ငလျင်ထပ်လှုပ် ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲကျပြီး ကလေးတဦးအပါအဝင် နှစ်ဦး သေဆုံး

မန္တလေးမှာ ငလျင်ထပ်လှုပ် ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲကျပြီး ကလေးတဦးအပါအဝင် နှစ်ဦး သေဆုံး

၁၈ မေ၊ ၂၀၂၅

မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်ကျော်)အကွာကိုဗဟိုပြုပြီး ရစ်ချတာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခုလုပ်ခက်ခဲ့ပြီး အဆိုပါလှုပ်ခက်မှုအတွင်း ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲကျပြီး ကလေးတဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၇ ရက် ည ၁၀ နာရီ ၂၆ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်အတွင်းမှာဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲပြိုကျခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

သစ်ပင်အောက်တွင် ဒုက္ခသည် ကလေးတဦးနဲ့ လူကြီးတဦး ပိမိခဲ့ပြီး လူမှုကူညီရေးအသင်းက ကြိုးစား ကယ် ထုတ်ခဲ့ပေမဲ့ ကလေးကော လူကြီးပါ သေဆုံးသွားခဲ့တယ်လို့ “မဏီစလ”လူမှုကူညီရေး အသင်း(မန္တလေး) က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – မဏီစလ လူမှုကူညီရေး

ဆက်စပ် သတင်းများ

Most read