Homeပြည်တွင်းသတင်းငလျင်ဒဏ်ခံထားရတဲ့ မန္တလေးဈေးချို စျေးရုံကြီး ပင်မအဆောက်အဦးမှာစျေးဖွင့်ရက်များအတိုင်း ပုံမှန်ဖွင့်လှစ်မယ်

ငလျင်ဒဏ်ခံထားရတဲ့ မန္တလေးဈေးချို စျေးရုံကြီး ပင်မအဆောက်အဦးမှာစျေးဖွင့်ရက်များအတိုင်း ပုံမှန်ဖွင့်လှစ်မယ်

၂၁ ဧပြီ၊၂၀၂၅

ဧပြီ ၂၄ ရက်ကစတင်ပြီး အဆင့်မြင့်စျေးချို စျေးရုံကြီးကို စျေးဖွင့်ရက်များအတိုင်း ပုံမှန်ဖွင့်လှစ်လည်ပတ်သွားမယ်လို့ အဆင့်မြင့်ဈေးချိုနဲ့ တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဈေးချိုဧရိယာအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဈေးရုံအသီးအသီးရဲ့ ကြံ့ခိုင်မှုနဲ့ အန္တရာယ်ကင်းရှင်းရေးတို့အတွက် ဧပြီ ၃ ရက် နဲ့ ၇ ရက်နေ့မှာ စစ်ကောင်စီခန့် သယံဇာတဝန်ကြီး ဦးဆောင်တဲ့ တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့်ဖျက်သိမ်းရေးဆိုင်ရာ စစ်အင်ဂျင်နီယာအဖွဲ့တို့က စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆင့်မြင့်ဈေးချိုပင်မအဆောက်အဦမှာ Main Structure ထိခိုက်မှု မတွေ့ရှိရပဲ ကြံ့ခိုင်မှုကောင်းမွန်းတဲ့အတွက် ဆိုင်ခန်းရှင်တွေကို သန့်ရှင်းရေးနဲ့ စျေးဆိုင်ခန်းတွေ တည်ခင်းပြုပြင်ဖို့ ဧပြီ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ မနက် ၈ နာရီခွဲ ကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးသွားမယ်လို့ဆိုပါတယ်။

ဒါပေမယ့် တောင်/ မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦးတွေကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖျက်သိမ်းသွားမှာဖြစ်တဲ့အတွက် ဆိုင်ခန်းပိုင်ရှင်များ ပစ္စည်းများသိမ်းယူခွင့်ကို ဧပြီ ၉ ရက်နေ့အထိ ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read