ငလျင်ဒဏ်သင့်ဒေသတွေမှာ ဒုက္ခရောက်နေပေမယ့် ရန်ကုန်မှာ စစ်ကောင်စီအနေနဲ့ သင်္ကြန်ပွဲတော်ကျင်းပဖို့ မဏ္ဍပ်ကို အဆောက်မပျက်ခဲ့ပေ။
ယမန်နေ့ကလည်း မန္တလေးမှာ မိုးလေတွေသည်းထန်စွာရွာခဲ့တာကြောင့် ငလျင်ဘေးရှောင်ဒုက္ခသည်တွေဟာ ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။
သို့ပေမယ့် စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။
အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ အသက်ဆုံးရှုံးခဲ့ရသူ ၃,၄၅၅ ဦး၊ ဒဏ်ရာရရှိသူ ၄,၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦးရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
ဓါတ်ပုံ – New Day Myanmar