Homeပြည်တွင်းသတင်းဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အာဆီယံ ဥက္ကဋ္ဌမလေးရှားကို NUG တိုက်တွန်း

ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အာဆီယံ ဥက္ကဋ္ဌမလေးရှားကို NUG တိုက်တွန်း

၂၀ မတ်၊ ၂၀၂၅

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရဲရင့်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ချမှတ်ဆောင်ဖို့ အာဆီယံ ဥက္ကဋ္ဌမလေးရှားနိုင်ငံကို အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်ပါတယ်။

မလေးရှားရဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက် စောင့်ထိန်းဖို့ မတ်လ ၁၉ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေကယူကရိန်းအရေးအပေါ်မှာသာ ဆက်ရှိနေတာကြောင့် အာဆီယံ အနေနဲ့ မြန်မာနိုင်ငံက ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုက နေ့စဉ်နဲ့အမျှ ကြီးမားလှတဲ့ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင် ကြုံတွေ့နေရာ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ် လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး အများပြည်သူဆိုင်ရာနေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ အခုအချိန်မှာ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီး မြန်မာပြည်သူလူထုရဲ့ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ် တရပ်ကို ပံ့ပိုးကူညီပေးနိုင်ဖို့ တိကျပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – BERNAMA

ဆက်စပ် သတင်းများ

Most read