၇ ဖေဖော်ဝါရီ၊ ၂၀၂၅
ဆိုက်ဘာရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) အကြီးအကဲTrirong Phiewphan ဟာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို အင်တာနက်အချက်ပြမှုတွေပေးပို့နေတယ်လို့ သံသယရှိတဲ့ ကန်ချနာဘူရီ ပြည်နယ် ဆန်ခလာဘူရီခရိုင်က တာဝါတိုင်လေးခုကို စစ်ဆေးခဲ့ပါတယ်။
“Blowing Up Scammers’ Bridges” လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးဟာ ဘုရားသုံးဆူအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ လည်ပတ်မှုကို ရပ်တန့်ဖို့ ရည်ရွယ်ထားတယ်လို့ CCIB အကြီးအကဲ ဒုရဲချုပ် Trirong Phiewphan က ပြောဆိုပါတယ်။
ဆန်ခလာဘူရီခရိုင်က အင်တနာနက်တာဝါတိုင် ၄ ခုထဲက ၃ ခုဟာ မြန်မာဘက်အခြမ်းကို အင်တာနက်အချက်ပြမှုတွေ လွှင့်နေတာကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါဂိုဏ်းတွေဟာ ထိုင်းနိုင်ငံနဲ့တခြားနိုင်ငံတွေက သားကောင်တွေကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်က သတ်မှတ်ထားသည့် အသုံးပြုမှုစည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် ဆဲလ်တာဝါတိုင်သုံးခုကို တာဝန်ရှိသူများက ပိတ်ပစ်ခဲ့ကြောင်းနဲ့ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ မှတ်ပုံတင်ထားတဲ့ အထောက်အထားမတွေ့ရကြောင်း Trirong မှ ပြောကြားခဲ့သည်။
ထိုင်းဘက်ခြမ်းမှ မြန်မာနိုင်ငံကို ဓာတ်အား ပေးနေတဲ့ တရားမဝင် လျှပ်စစ်ကေဘယ်ကြိုးတွေကို CCIB ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အရေးယူဖို့ သတိပေးထားတယ်လို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံက နယ်စပ်ဒေသငါးခုကို လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဖြတ်တောက်ဖို့ဟာ ထိုင်းအစိုးရရဲ့ ကျားဖြန့်နှိမ်နင်းရေးမူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
ဓာတ်ပုံ – The Nation