၅ ဒီဇင်ဘာ၊ ၂၀၂၄
ထိုင်းနယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)တပ်စခန်းတွေ ရှိနေတဲ့အတွက် စိုးရိမ်မှုမြင့်တက်စေပြီး လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ထိုင်းအမျိုးသားလုံခြုံရေးကော်မတီ ဥက္ကဌ၊ ထိုင်းပြည်သူ့ပါတီ ဥက္ကဌ Rangsiman Rome က ပြောဆိုပါတယ်။
UWSA တပ်စခန်းတွေနဲ့ပတ်သတ်တဲ့ နယ်စပ်အရေးတင်းမာမှုကို ထိုင်းလွှတ်တော်က လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ “ဝ” တွေဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ သူတို့ မူးယစ်ဆေးဝါးထုတ်လုပ်ပြီး ဒီဘက်ကို နယ်စပ်ကျူးကျော်ရောင်းဝယ်ဖောက်ကားမှာကို လက်မခံပါဘူး။ မကြာသေးခင်နှစ်တွေက ထိုင်းနိုင်ငံရဲ့ ပြင်းထန်တဲ့မူးယစ်ဆေးဝါးပြဿနာဟာ ဝတွေနဲ့ ဆက်စပ်နေတယ်”လို့ သူက ပြောဆိုသွားပါတယ်။
နယ်စပ်အရေးနဲ့ပတ်သတ်ပြီး မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၊ အပြစ်မဲ့တဲ့ဒေသခံတွေကို မကြာခဏ ဒုက္ခပေးမှုတွေဟာ ထိုင်းနိုင်ငံထဲကို ခိုလှုံသူ ၂ သန်းကျော်အထိ ဖြစ်စေခဲ့တဲ့ ကာလကြာရှည်ရင်ဆိုင်နေရတဲ့ နယ်စပ်ပြဿနာတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒုက္ခသည် တစ်သိန်းအထိပဲ လက်ခံနိုင်တဲ့အတွက် ကြီးမားတဲ့ ဒုက္ခသည်ဝင်ရောက်လာမှုကို ကိုင်တွယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒီဇင်ဘာ ၄ ရက်က ပြောဆိုသွားပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာပြည်တွင်းပဋိပက္ခတွေရဲ့ အကျိုးဆက်ကနေ သီးသန့်နေလို့မရကြောင်းနဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်လာရင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးလာကြမှာ ဖြစ်တယ်လို့ သူက ဆက်ပြီး ပြောပါတယ်။ ထိုင်းနိုင်ငံက ခိုလှုံလာသူတွေကို ငြင်းပယ်ရင်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်လို့ သူက ဆိုပါတယ်။
UWSA နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကော်မတီဟာ ဒီဇင်ဘာ ၁၃ ရက်မှာ မှာ ဖြစ်ပြီး မြန်မာ့စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားနဲ့ ထိုင်းငါးဖမ်းလှေတွေကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ Mr Rangsiman က ပြောဆိုသွားပါတယ်။