Homeပြည်တွင်းသတင်းအာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီ ကိုယ်စားလှယ် သုံးနှစ်ကျော်အတွင်း ပထမဆုံးတက်ရောက်

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီ ကိုယ်စားလှယ် သုံးနှစ်ကျော်အတွင်း ပထမဆုံးတက်ရောက်

၉ အောက်တိုဘာ၊ ၂၀၂၄

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်အစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို ကိုယ်စားလှယ်စေလွှတ်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။

အာဆီယံဟာ ၂၀၂၁ ခုနှစ် ဧပြီမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း လိုက်နာခြင်းမရှိတာကြောင့် မြန်မာဘက်က နိုင်ငံရေးအရ ရာထူးယူထားသူမဟုတ်သူကိုပဲ အစည်းအဝေးနဲ့ဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့်ပေးဖို့ ၂၀၂၁ အောက်တိုဘာလက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့သူတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေး၊ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအ‌ဝေးနဲ့ ဒေသတွင်းဆိုင်ရာ ဆက်စပ်အစည်းအဝေးပွဲတွေကို တက်ရောက်ခွင့် ကန့်သတ်ခဲ့ပါတယ်။ ဒီကာလအတွင်း အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိအဆင့်ရှိသူကိုသာ တက်ရောက်ခွင့်ပေးပြီး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရတာမျိုး မရှိခဲ့ပါဘူး။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်စေခဲ့ပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေမှာ နိုင်ငံရေးရာထူးမယူထားသူကိုပဲ တက်ရောက်ခွင့် ပေးဖို့ အာဆီယံနိုင်ငံတွေက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ မြန်မာ့အရေးဖြေရှင်းဖို့ မြန်မာစစ်ခေါင်းဆောင်အပါအဝင် အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေပါ သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုအပိုင်းမှာ တိုးတက်မှုမရှိတာကြောင့်လို့ အာဆီယံဘက်က အဲဒီတုန်းက ဆိုပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေဆိုတာကတော့ မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီး လပိုင်းအကြာမှာပဲ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာကို ဖိတ်ပြီး ဆွေးနွေးသဘောတူခဲ့ကြတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။

နိုင်ငံရေးအရ ကိုယ်စားမပြုသူလို့ဆိုတာကြောင့် အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင်အပါအဝင် ပြီးခဲ့တဲ့ ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့သူတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေး၊ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအ‌ဝေးနဲ့ ဒေသတွင်းဆိုင်ရာ ဆက်စပ်အစည်းအဝေးပွဲတွေကို တက်ရောက်ခွင့် ကန့်သတ်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးပွဲတွေကို တန်းတူရည်တူတက်ရောက်ခွင့်ရှိတယ်ဆိုတဲ့ အာဆီယံ ပဋိဉာဥ်ကို မြန်မာစစ်ကောင်စီက ထောက်ပြပြီး ကိုယ်စားလှယ်စေလွှတ်ခဲ့တာ မရှိခဲ့ပါဘူး။

ဒီနှစ်မှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်စေခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဦးအောင်ကျော်မိုးက တက်ရောက်ခဲ့ပြီး Asean + 3 ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာကိုယ်စားလှယ်အနေနဲ့ ဆက်ပြီး တက်ရောက်သွားမယ်လို့ သိရပါတယ်။

Photo – Asean

ဆက်စပ် သတင်းများ

Most read