၁၀ ဇူလိုင်၊ ၂၀၂၄
ရန်ကုန်မြို့ လှိုင်မြစ် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းက ရန်ကုန်ဘက်အခြမ်းကို လာတဲ့ ခရီးသည်တင် စက်လှေ တိမ်းမှောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
လှေပေါ်မှာ ၁၆ ဦးပါဝင်လာပြီး တွဲသင်္ဘောကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ ၁၆ ဦးထဲက ၈ ဦးကိုသာ ကယ်ဆယ်ထားနိုင်ပြီး ၈ဦး ပျောက်ဆုံးနေပါတယ်။
ပျောက်ဆုံးနေတဲ့ ၈ ဦးအနက် ၃ဦးဟာ ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ထားတဲ့ ခရီးသည်တွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ကျန်တဲ့ခရီးသည်တွေကို ဆက်ပြီး ရှာဖွေနေတယ် လို့ သိရပါတယ်။
Photo-Than Htike Aung