Homeပြည်တွင်းသတင်းအမေရိကန်နဲ့ ဆက်ဆံရေးပြန်ကောင်းဖို့ စစ်ကော်မရှင်က ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ငှားရမ်းဟုဆို

အမေရိကန်နဲ့ ဆက်ဆံရေးပြန်ကောင်းဖို့ စစ်ကော်မရှင်က ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ငှားရမ်းဟုဆို

၂ မေ ၂၀၂၆ | New Day Myanmar

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အကျပ်ရိုက်နေတဲ့ စစ်ကော်မရှင်က အမေရိကန်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ ကြိုးစားရာမှာ Roger Stone ကို လော်ဘီအဖြစ် ငှားလိုက်တယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ နိုင်ငံတကာ ငွေပေးချေမှု အခက်အခဲတွေ၊ လက်နက်ဝယ်ယူခွင့် ပိတ်ပင်ခံထားရတာတွေကို ဖြေရှင်းဖို့ အရင်ကလည်း လော်ဘီအဖွဲ့တွေကို ဒေါ်လာသန်းချီပေးပြီး ငှားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေက မျှော်လင့်ထားသလို ရလဒ်တွေ မထွက်လာခဲ့ဘူးလို့ သိရပါတယ်။

အခုအသစ်ငှားလိုက်တဲ့ ရော်ဂျာစတုန်းကတော့ အမေရိကန်သမ္မတဟောင်း Donald Trump နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးသူတစ်ဦးဖြစ်ပြီး လွှတ်တော်ရှေ့မှာ လိမ်လည်ထွက်ဆိုမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရဖူးသူပါ။ သူဟာ ၂၀၂၀ ခုနှစ်မှာ ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးပွဲစားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ငှားရမ်းမှုကိုတော့ စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက လက်မှတ်ထိုးခဲ့တာဖြစ်ပြီး ငှားရမ်းခ ဘယ်လောက်ပေးရတယ်ဆိုတာကိုတော့ မဖော်ပြသေးပါဘူး။

လေ့လာသူတွေကတော့ စစ်ကော်မရှင်ဟာ သူတို့အပေါ် နိုင်ငံတကာဖိအားတွေ လျော့သွားအောင်နဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို လူတွေ မေ့လျော့သွားအောင် သြဇာရှိသူတွေကို အသုံးပြုပြီး လှည့်ဖျားဖို့ ကြိုးစားနေတာလို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် အမေရိကန်ဘက်က ချမှတ်ထားတဲ့ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းဖို့ဆိုတာ လွယ်လွယ်ကူကူ မဖြစ်နိုင်ဘူးလို့လည်း နိုင်ငံရေးလေ့လာသူတွေက ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး