Homeပြည်တွင်းသတင်းဝါးခယ်မမြို့ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား၊ မီးသတ်ယာဉ် ၉ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ

ဝါးခယ်မမြို့ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား၊ မီးသတ်ယာဉ် ၉ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ

၂ မေ ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်မှာရှိတဲ့ စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဒီကနေ့ မေလ ၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ အဆင့်ဆင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီကနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မ ကားလမ်းဘေးရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်ပြင်ကို ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် ရေသယ်ယာဉ် ၃ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး၊ ထပ်မံလိုအပ်ချက်အရ ရွှေလောင်းနယ်မြေမှ ရေသယ်ယာဉ် ၁ စီး၊ ကျုံမငေးနယ်မြေမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရွာသစ်နယ်မြေမှ ရေသယ်ယာဉ် ၁ စီးနှင့် မော်ကျွန်းမြို့နယ်မှ ရေသယ်ယာဉ် ၁ စီးတို့ အပါအဝင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။

စုစုပေါင်း မီးသတ်ယာဉ် ၉ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ မီးကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းအရင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး