Homeပြည်တွင်းသတင်း၁၃၆ ကြိမ်မြောက် မေဒေးနေ့တွင် အလုပ်သမားအခွင့်အရေးနှင့် လုပ်ခလစာတိုးမြှင့်ရရှိရေး STUM တောင်းဆို

၁၃၆ ကြိမ်မြောက် မေဒေးနေ့တွင် အလုပ်သမားအခွင့်အရေးနှင့် လုပ်ခလစာတိုးမြှင့်ရရှိရေး STUM တောင်းဆို

၂ မေ ၂၀၂၆ | New Day Myanmar

၁၃၆ ကြိမ်မြောက် International Workers’ Day (မေဒေးနေ့) အခမ်းအနားအတွင်း မြန်မာနိုင်ငံရှိ အလုပ်သမားထု ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ထောက်ပြပြီး အချက် (၅) ချက်ပါတဲ့ တောင်းဆိုချက်ကိုများ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် -မြန်မာ (STUM)က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

STUM ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိနိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ ပိုမိုများပြားလာပြီး အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် သမိုင်းတလျှောက် တရားမျှတတဲ့ လူ့ဘောင်သစ် တည်ဆောက်ရေးအတွက် အလုပ်သမားထုဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြောင်းကိုလည်း ဂုဏ်ပြုဖော်ညွှန်းထားပါတယ်။

STUM ရဲ့ အဓိက တောင်းဆိုချက် (၅) ချက်မှာ အလုပ်သမားတွေ လုပ်အားနဲ့ညီမျှတဲ့ လုပ်ခလစာနဲ့ အကျိုးခံစားခွင့်တွေ ရရှိရေး၊ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင် (Decent Work) ဖန်တီးရေး၊ နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ထိပါးစော်ကားမှုများကို ဥပဒေအရ အရေးယူနိုင်ရေး၊ အပူရှိန်ပြင်းထန်မှုအပါအဝင် ဆိုးဝါးတဲ့ ရာသီဥတုဒဏ်များအတွက် ကျန်းမာရေးကာကွယ်မှုအစီအစဉ်များ ချမှတ်ပေးရေးနှင့် အလုပ်သမားသမဂ္ဂများ ဖြိုခွဲနေမှုများကို ချက်ချင်းရပ်တန့်ပေးရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေမှုအပေါ် STUM အနေနဲ့ ခိုင်မာစွာ ရပ်တည်သွားမယ်လို့ဆိုပြီး အလုပ်သမားထုအတွင်း သွေးစည်းညီညွတ်မှုရှိမှသာ အခွင့်အရေးတွေကို ပြန်လည်ရရှိနိုင်မယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – STUM

Related News

Most Read