၇ မတ်လ ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်းဒေသမှာ အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ထုတ်ပြန်ချက်မှာ ကမ္ဘာ့နိုင်ငံတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ရပ်ကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကသာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေသတွင်း တင်းမာမှုတွေကို လျော့ချဖို့ သက်ဆိုင်ရာဘက်တွေက ထိန်းသိမ်းဆောင်ရွက်သင့်တယ်လို့လည်း ဆိုထားပါတယ်။
တစ်ဖက်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေရှိနေချိန် စစ်ကော်မရှင်ဘက်က အရှေ့အလယ်ပိုင်းအရေးအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။


