Homeပြည်တွင်းသတင်းရန်ကုန်မှာ မြို့ပြပျောက်ကြားအဖွဲ့က ရက်ပိုင်းအတွင်း မြို့နယ် ၃ ခုက ရဲစခန်းတွေကို တိုက်ခိုက်လာ

ရန်ကုန်မှာ မြို့ပြပျောက်ကြားအဖွဲ့က ရက်ပိုင်းအတွင်း မြို့နယ် ၃ ခုက ရဲစခန်းတွေကို တိုက်ခိုက်လာ

၁၆ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်မှာ မြို့ပြပျောက်ကြားအဖွဲ့က ရက်ပိုင်းအတွင်း မင်္ဂလာဒုံ၊ မြောက်ဥက္ကလာနဲ့မှော်ဘီမြို့နယ်တို့က ရဲစခန်းတွေကို ဗုံးခွဲ တိုက်ခိုက်လာပါတယ်။

ရန်ကုန်မှာ ဒီလိုတိုက်ခိုက်တာမျိုး လနဲ့ချီကြာအောင် ငြိမ်သက်နေရာကနေ အခု နှစ်ဆန်းပိုင်းမှာ ပြန်လည်တိုက်ခိုက်တာတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်မှာ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံရဲစခန်းကို ပစ်မှတ်ထားပြီး ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ Yangon Army နဲ့ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူဘဲ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကိုလည်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၄၃ မိနစ်ခန့်မှာ Yangon Army နှင့် ရန် ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၇ တို့မှ ရှေ့ထွက်မိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်မှာလည်း မှော်ဘီမြို့နယ်၊ မြို့မရဲစခန်းက အိမ်စီးကားတွေနဲ့ ထွက်လာတဲ့ အကြမ်းဖက်ရဲနှင့် ပျူစောထီးတွေကို ပစ်မှတ်ထားပြီး လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ‌သေးတယ်။

စစ်ကောင်စီဟာ စစ်တပ်အင်အား ပြုန်း တီးလာချိန်မှာ ရပ်ရွာတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် အခုလို တိုက်ခိုက်တာတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။

ပုံစာ-မင်္ဂလာဒုံ မြို့မ ရဲစခန်း

ဓာတ်ပုံ- လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး