Homeပြည်တွင်းသတင်းရန်ကုန်–မန္တလေး အမြန်လမ်းမကြီးပေါ် ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်

ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးပေါ် ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်

၄ ဖေဖော်ဝါရီ ၂၀၂၆

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ပေပင်လေးကျေးရွာအနီး ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

မီးလောင်ခဲ့တဲ့ ယာဉ်ဟာ မြစန္ဒာ ခရီးသည်တင်ယာဉ် ဖြစ်ပြီး ယာဉ်နောက်ဘက် အင်ဂျင်ခန်း အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၅ နာရီခွဲခန့်မှာ ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာအနီး မိုင်တိုင်အမှတ် (၂၆၀/၃) ဖာလုံ မှာ ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် ယာဉ်နောက်ဘက်ပိုင်းတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်တွေက ချက်ချင်း ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၃ မိနစ်အချိန်မှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အလားတူဖြစ်စဉ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းမှာလည်း ရန်ကုန်–မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၆/၅ အနီးမှာ ဒို့ညီနောင် ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်နောက်ခန်း အပူလွန်ကဲရာကနေ ဝါယာရှော့ခ်ဖြစ်ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး