ရန်ကုန်မြို့မှာ Food ဘလော်ဂါ ကျော်ဝဏ္ဏဆိုသူ အမျိုးသားတဦး မနေ့က နိုဝင်ဘာ ၂၂ ရက် ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တချို့ဆီကနေ သိရပါတယ်။
သူဟာ အစားအသောက်တွေကို ချက် ပြုတ်စားသောက်ပြတာကို ရိုက်ကူးတင်ဆက်လေ့ရှိသူတဦးဖြစ်တဲ့အပြင် ပြင်ပမှာ တက္ကစီယာဉ်မောင်းတဦးလည်းဖြစ်တယ် လို့သိရပါတယ်။
ဖြစ်စဉ်ဟာ မနေ့က ည ၈ နာရီခွဲ အချိန် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှာ ယာဉ်အမာင်းနေစဉ်ပစ်ခတ်ခံရတာဖြစ်ပြီး ၊ နောက်ကျောကို ကိည်ဖောက်ဝင်ဒဏ်ရာရရှိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီဖြစ်စဉ်အတွက် မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရှိရပြီး လက်ရှိအချိန်အထိပစ်ခတ်သူကို စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။
ပုံစာ – သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်သေဆုံးခဲ့တဲ့ ကိုကျော်ဝဏ္ဏ
ဓာတ်ပုံ – CJ


