စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၃ ကို အပိုင်း ၂ အပြီး နှစ်ပတ်အကြာမှာ ကျင်းပသွားမယ်လို့ မနေ့ကနိုဝင်ဘာ ၁၀ ရက် ညပိုင်းမှာ စစ်ကော်မရှင်ဝါဒဖြန့် ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရွေးကောက်ပွဲအပိုင်း ၁ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း၁၀၂ မြို့ နယ်မှာ စတင်ကျင်းပမှာဖြစ်ပြီးတော့အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၁၁ရက်နေ့မှာမြို့နယ်ပေါင်း
၁၀၀ မြို့နယ်မှာ ကျင်းပမယ်လို့ အစောပိုင်းထဲက ပြောထားပါတယ်။
ရွေးကောက်ပွဲအပိုင်း ၃ကျင်းပမယ့် ရက်အတိအကျနဲ့ ပြုလုပ်မယ့် မြို့နယ်တွေကိုတော့ ထည့်သွင်းပြောသွားမရှိလို့ ရွေး ကောက်ပွဲကော်မရှင်ကလည်း အသိပေးထုတ်ပြန်တာမျိုးမရှိသေးဘူး။
ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပဖို့ ရက်ပေါင်း ၄၈ ရက်သာလိုတော့ပြီး ပါတီတွေ မဲဆွယ်စည်းရုံတာမျိုးလုပ်ဆောင်နေကြသလို တဖက်မှာလည်း စစ်ကော်မရှင်လုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်တာမျိုးတွေမလုပ်ကြဖို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


