၁၀ နိုဝင်ဘာ ၂၀၂၅
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ ပလန်ဖေကျေးရွာနားမှာ အထောက်အထားမယ့် မြန်မာနိုင်ငံသားလိုက်ပါလာတဲ့ ကားတစီးကို ရဲကစစ် ဆေးဖို့ ရန်တန့်ခိုင်းချိန်မှာ မောင်းပြေးလို့ ဓာတ်တိုင်နဲ့ ဝင်တိုက်ပြီး ကားအတွင်း လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ဖြစ်စဉ်ဟာ မနေ့က နိုဝင်ဘာ ၉ ရက် ညနေ ၃ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကားပေါ်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အသက် ၂၂ နှစ်အရွယ်နဲ့ ၂၃ နှစ်အရွယ် လူငယ်အမျိုးသမီးနှစ်ဦးအသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ယောက်တို့ ပြင်းပြင်းထန်ထန် ဒဏ် ရာရတာကြောင့် လူသားချင်း စာနာမှုအရ စံခလဘူရီမြို့နယ် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနည်းငယ်ဒဏ်ရာရတဲ့ မြန်မာ နိုင်ငံသား ၁၈ ဦးကိုတော့ ရဲတပ်ဖွဲ့က စစ် ဆေးနေပြီး ၊ ယာဉ်မောင်းနှင်သူမှာထွက် ပြေးတိမ်းရှောင်သွားကြောင့် ထိုင်းရဲ့တပ် ဖွဲ့ က စုံစမ်းရှာဖွေနေဆဲဖြစ်တယ်လို့ သိပါတယ်။
ဖမ်းဆီးရမိတဲ့ အထောက်အထားမြန်မာ နိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့က ပြင်ဆင်နေတယ်လို့လည်း စံခလဘူရီမြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်ပါတယ်။


