၃ အောက်တိုဘာ ၂၀၂၅
ရန်ကုန်တိုင်းမှာ စက်တင်ဘာလအတွင်း စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ Rangoon Scout Networkကစောင့်ကြည့်ထားတဲ့မှတ်တမ်းအချို့ကို ဒီကနေ့ အောက်တိုဘာ ၃ ရက်မှာထုတ်ပြန် လာပါတယ်။
အဲဒီ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်မှာ ၇ ကြိမ်ဟာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ၁ ကြိမ်ကတော့ မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုအရ စစ်ကော်မရှင်တပ်သားတွေတည်ရှိရာနေရာတွေဖြစ်တဲ့မြောက်ဒဂုံမြို့နယ် ထွေအုပ်ရုံး နဲ့ အမှတ် ၆ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး၊ ရန်ကုန်မြို့တော်ခန်းမ၊ အရှေ့ဒဂုံမြို့နယ် ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေး ရွာ အုပ်ချုပ်ရေးမှူးရုံး၊ ဗဟန်းရဲစခန်း၊ ရွှေပေါက္ကံမြို့သစ် (၂၂) ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးတွေကိုပစ်မှတ်ထားတိုက် ခိုက်တာပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အခြားစစ်ဆင်ရေးတွေဖြစ်တဲ့မြောက်ဥက္ကလာမြို့နယ် ထွေ/အုပ်ရုံးနဲ့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တ ရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးတိုက် ခိုက်မှုတွေအတွက် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။
ဓာတ်ပုံ-Rangoon Scout Network


