Homeပြည်တွင်းသတင်းရန်ကုန်မှာ တရက်အတွင်း လူငယ် အမျိုး သား ၄ ဦးကို အရပ်ဝတ်လူတစုက ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်မှာ တရက်အတွင်း လူငယ် အမျိုး သား ၄ ဦးကို အရပ်ဝတ်လူတစုက ပေါ်တာဆွဲ ဖမ်းဆီး

၁၇ စက်တင်ဘာ၂၀၂၅

ရန်ကုန်မှာ စက်တင်ဘာ ၁၄ ရက် တရက်အတွင်း လူငယ်အမျိုးသား ၄ ဦးကို က်နက်တွေက်ုင်ဆောင်ထားတဲ့ အရပ်ဝတ်လူတစုက ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ Rangoon Scout Network (RSN)က မနေ့က အသိပေးထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရတဲ့မြို့နယ်တွေဟာမြောက်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာဖြစ် ပွားခဲ့တာဖြစ်ပြီး၊ စက်တင်ဘာ ၁၄ ရက် ည ၇ နာရီအချိန်မှာ မြောက်ဒဂုံမြို့နယ်၊ City Mall အနီးပင်လုံလမ်းပေါ်မှာ လူငယ်အမျိုးသား ၃ ဦး လမ်းလျှောက်လာစဉ် Taxi ၁ စီးနဲ့ လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်လူတစုက ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အဲဒီ‌နေ့ ညနေ ၆ နာရီခွဲခန့်မှာလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ကားကြီးဂိတ်မှတ်တိုင်အနီး လူငယ်အမျိုးသား ၁ ဦး မတ်တပ်ရပ်နေစဉ်မှာ အကြမ်းဖက် စစ်ယူနီဖောင်းဝတ် ၁ ဦး နဲ့အရပ်ဝတ် ၂ ဦးတို့ ရောက်ရှိလာပြီး Mark II အဖြူရောင်ယာဥ် ၁ စီးပေါ်ဆွဲတင် ဖမ်းခေါ်သွားတာဖြစ်တယ်လို့သိရပါတယ်။

မနေ့က စက်တင်ဘာ ၁၆ ရက် ည ၉ နာရီခန့်မှာ တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်၊ ပွဲဈေးအနီး လူငယ် ၃ ဦး လမ်းလျှောက်နေစဉ် အမှောင်ထဲက အရပ်ဝတ်တွေထွက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Ran- goon Scout Network (RSN)ကဖော်ပြထားပါတယ်။

လတ်တလော ရန်ကုန်မြို့မှာ အရပ်ဝတ်လက်နက်ကိုင်ဆောင်ထားသူတွေဟာ အလုပ်သွားအလုပ်ပြန် လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးခေါ်ဆောင်နေတာကြောင့် သတိပြုသွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး