Homeပြည်တွင်းသတင်းရန်ကုန်မှာ နှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့က မတရားဖမ်းဆီးသူ ၃၀ ဦးကျော် ရှိလာ

ရန်ကုန်မှာ နှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့က မတရားဖမ်းဆီးသူ ၃၀ ဦးကျော် ရှိလာ

၁၆ စက်တင်ဘာ ၂၀၂၅

ရန်ကုန်မြို့မှာ ယခုလ စက်တင်ဘာ အစကစပြီး ၁၄ ရက်နေ့အထိ စစ်ကော်မရှင်တပ်ဖွဲ့က မတရားဖမ်းဆီးသူ ၃၃ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ Rangoon Scout Network (RSN) က အသိပေးထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေဟာ အရှေ့ဒဂုံ၊ အလုံ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ခရမ်း၊ သန်လျင်၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတားနှင့် မရမ်းကုန်းမြို့နယ်တွေမှာ ဖမ်းဆီးခံခဲ့ကြရတာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ဖမ်းဆီးရာမှာသတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၈ ဦး၊ လမ်းဘေးထိုင်နေလို့ဆိုကာ ဖမ်းခံရသူ ၃ ဦး၊ လမ်းမပေါ် ရမ်းသမ်းအဆွဲခံရသူ ၂၁ ဦး နဲ့ ခိုးမှုနဲ့ ဖမ်းခံရပြီး စစ်မှုထမ်းထဲ ထည့်ခံရသူ ၁ ဦး တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဧည့်စစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ချုပ်နှောင်ခံထားရသူတွေလည်း ရှိနေသေးပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ရန်ကုန်မှာက အခုနောက်ပိုင်း ဧည့်စစ်တာတွေများလာတယ်။ ဟိုတ‌လောက တက္ကစီတစီးနဲ့ လူငယ်တွေကိုဖမ်းတာ တဦးပါသွားတယ်။ ကိုယ်တွေရပ်ကွက်နားတင်ဖြစ်တာ အဲ့ဒါ ည ၇နာရီကျော်လောက်ဘဲရှိဦးမယ်။ ကောင်လေးရဲ့အမတွေ အကိုတွေတော့ လိုက်သွားကြတယ် အခြေအနေက ဘာမှန်းမသိရသေးဘူး ” လို့ မြောက်ဒဂုံမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။

ဒါအပြင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကိုဖိအားပေးပြီး စစ်မှုထမ်းဖို့ လူရှာခိုင်းတာမျိုးတွေရှိနေပြီး အချို့ အုပ် ချုပ်ရေးမှူးတွေနှုတ်ထွက်ဖို့အထိ လုပ် ဆောင်နေတယ်လို့လဲ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေကနေ သိရပါတယ်။

“ဖိအားပေးရှာခိုင်းတော့ အုပ်ကြီးဆိုတာကလည်း ရပ်ကွက်သားဆိုတော့ ဟိုအိမ်လည်း မျက်နှာပူ ဒီအိမ်လည်းမျက်နှာပူဖြစ်နေတော့ စိတ်တွေညစ်ပြီး ထွက်စာတွေတင်တာရှိတယ်”လို့ ဆိုပါတယ်။

ရန်ကုန်မြို့ဟာ စစ်ကော်မရှင်တက်ဖွဲ့တွေရဲ့ ထိန်းချုပ်ထားတဲ့ မြို့ဖြစ်သလို ဒေသစုံက လူငယ်တွေ သင်တန်းလာတက်တာ၊ အလုပ်လာရောက်လုပ်ကိုင်တာနဲ့စစ်‌ဘေးရှောင် မိသားစုတွေလည်းရှိတာကြောင့် ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရတာဘဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး