အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်း ချုပ်နယ်မြေတွေအတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ဖို့ ပြည်သူလူထုကို ဖိအားပေးဆောင်ရွက်လာတာတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အသိပေးထားပါတယ်။
ဒါအပြင် ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေ ညာခဲ့ပြီးဖြစ်တာကြောင့် အခြေခံဥပဒေအတိုင်းလုပ်ဆောင်လျက်ရှိတဲ့ စစ်တပ်ရဲ့လုပ်ရပ်မှန်သမျှဟာ တရားမဝင်တဲ့ ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဏာတည်မြဲရေးနဲ့ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲရှိတဲ့စစ်ရာဇဝတ်မှုတွေကနေပြစ်ဒဏ်ကင်း လွတ်ခွင့် ရရှိဖို့အတွက် တရားမဝင်အတု အယောင်ရွေးကောက်ပွဲတခုကိုဇွတ်အတင်းဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့် စဉ်ကိုချိုးဖောက်တဲ့အပြင် ပြည်သအချုပ်အခြာ အာ ဏာကို မတရားရယူရန်ကြိုးစားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်တပ်က ကြိုးကိုင်ထားတဲ့ဟန်ပြ နိုင်ငံရေးလှည့်စားတာမဟုတ်ဘဲ ပြည်သူက တွန်းအားပေးတဲ့ အားလုံးပါဝင်နိုင်မှုရှိတဲ့၊ ဒီမိုကရေစီ နည်း ကျတဲ့လုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်မယ်ဆိုတာယုံကြည်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် မဟာမိတ်တိုင်းရင်းသားအဖွဲ့မတွေအပြင်တော်လှန် ရေးအင်အားစုတွေနဲ့လက်တွဲပြီး ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁)မှာ ပြဌာန်းထားတဲ့ တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒ ခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းတာနဲ့ ရွေးကောက်ပွဲကျင်း ပတာ စတဲ့ မူဘောင်အတိုင်းရပ် တည်ပြီး စနစ်ပြောင်းတော်လှန် ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လတ်တလော ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်ပြီး စစ်အုပ်စုဟာ အမည်နာမနဲ့ ဖွဲ့စည်းပုံပြောင်းလဲကာ တရားမဝင် အတု အယောင် ရွေးကောက် ပွဲကို ဇွတ်အတင်း ပြု လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်သူလူထုကို ပစ် မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊၊ လက်နက်ကြီးနဲ့တိုက် ခိုက်တာတွေ စစ် ကြောင်းထိုးတိုက်ခိုက်တာတွေ၊ ကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေကို ဆတိုးလုပ်ဆောင်လာတယ်လို့ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာ အစိုးရတွေ၊နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ မဟာမိတ်တွေအနေနဲ့ စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မဲ့ တရားမဝင် အတု အယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ဖို့ ၊ မြန်မာာနိုင်ငံမှာဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ပြန် လည်ရရှိဖို့ ကြိုးပမ်းတာတွေအတွက် ပံ့ပိုးဖြည့်ဆည်းပေးဖို့ အလေးအ နက်တိုက်တွန်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ PDF စစ်ရုံးချုပ် တာဝန်ရှိသူတွေ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနဲ့ အတူ တွေ့ရစဥ်။
ဓာတ်ပုံ-Tay Zar San


