Homeပြည်တွင်းသတင်းစစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို သဏ္ဍာန် ပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ ကယန်းအမျိုးသားတပ်မတော်တိုက်တွန်း

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို သဏ္ဍာန် ပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ ကယန်းအမျိုးသားတပ်မတော်တိုက်တွန်း

၂၀ ဩဂုတ်၂၀၂၅

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းသဏ္ဍာန် ပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ ကယန်းအမျိုးသားတပ်မတော်ဗဟိုဦးစီးကော်မတီက ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ သဘောထားထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီစံနှုန်းအရ ပြည်သူလူထုက ရွေးကောက်ထားတဲ့လူထုကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ လူထုအစိုးရကသာ လျှင် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အာဏာရှိတယ်လို့ ထုတ်ပြန်ထားပြီး၊ ဒီမိုကရေစီမရှိဘဲ ရွေးကောက်ပွဲမရှိဟု မိမိတို့ ကယန်းအမျိုးသားတပ်မတော်ကခံယူတယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူလူထုသဘောဆန္ဒမပါရှိဘဲ ပြုလုပ်နေတဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို အတွေး အခေါ်အရဖြစ်စေ လုပ်ဟန်အရဖြစ်စေပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ ဆိုပါတယ်။

ဒါဟာစစ်ကော်မရှင်ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကယန်းအမျိုးသားတပ်မတော်ရဲ့ ရပ်တည်ချက် သဘောထားမှန်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ- Kayan National Army-KNA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး