စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲမဲဆန္ဒနယ် သတ်မှတ်လာတာဟာ တော်လှန် ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေပါ ပါဝင်နေတာတွေ့ရပြီး၊ မြေပြင်လက်တွေ့မှာ စစ်ကော်မရှင်ရဲ့အုပ်ချုပ်ရေးယန္တရား လုံးဝနီးပါး မရှိတော့တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်နေတာတွေ့ရပါတယ်။
ဒါဟာ မြေပြင်မှာ လက်တွေ့ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ စစ်ကော်မရှင်ဟာ သူတို့ရဲ့အချုပ်အခြာအာဏာ သက်ရောက်နေသယောင်ပြသလိုတဲ့အတွက် နိုင်ငံရေးအရတရားဝင်နေတယ်ဆိုတာကို ရုပ်ပြသဖွယ်လုပ်နေတာလို့ နိုင်ငံသုံးသပ်သူတွေက ပြောဆိုတာတွေ ရှိနေပါတယ်။
မနေ့ ဩဂုတ် ၁၅ရက်က စစ်ကော်မရှင် ရဲ့လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ မဲဆန္ဒနယ်သတ်မှတ်ချက်အရ ပြည်သူ့ လွှတ်တော်အတွက် နေရာ ၃၃၀၊ အမျိုးသားလွှတ်တော်အ တွက်နေရာ ၁၆၈ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် နေရာ ၆၄၄ နေရာသတ်မှတ်ထားသလို တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ၂၉ နေရာသတ်မှတ်ထားတာတွေ့ရပါတယ်။
ရွေးကောက်ပွဲကိုလည်းမဲအများဆုံးရသူအနိုင်ရတဲ့စနစ် (FPTP)နဲ့ အချိုးကျကိုယ် စားပြုစနစ်(PR) တို့ကို ရောနှောကျင့်သုံးသွားမယ်လို့လည်းဖြစ် တပါတည်း ကြေ ညာခဲ့ပါတယ်။
စစ်ကော်မရှင်ကြေညာတဲ့ မဲဆန္ဒနယ်မြေတွေအရ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည် နယ်တွေဟာတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေဖြစ်နေတာတွေ့ရပါတယ်။
မြေပြင်အခြေအနေအရ ချင်းပြည်နယ်မှာဆိုရင် စစ်ကော်မရှင်ဟာ မြို့နယ် ၉ ခုရှိတဲ့အထဲမှာ ဟားခါးနဲ့ တီးတိန်မြို့ပေါ် အနည်းငယ်ကိုသာ ထိန်းချုပ်နိုင်စွမ်းရှိပြီး တပြည်နယ်လုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ချင်းတော်လှန်ရေးအဖွဲ့တွေက ထိန်း ချုပ်ထားတာဖြစ်ပါတယ်။
အဲဒီလိုဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အာရက္ခတပ်တော် (AA)တို့လိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့ထိန်းချုပ်ထားတဲ့နေရုတွေမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လုံးဝခွင့်မပြုဘဲ လူံခြုံရေးအရ တာဝန်မယူနိုင်ဘူးလို့ အတိအလင်းပြောဆိုထားပါတယ်။
စစ်ကော်မရှင်ပြုလုပ်မဲ့ ရွေးကောက်ပွဲကို
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက၂၀၂၀ ရွေး ကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပမဲ့ရွေးကောက်ပွဲဟာ “အတုအယောင်ရွေး ကောက်ပွဲ” သာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
ဓာတ်ပုံ-MOI


