Homeပြည်တွင်းသတင်းမြန်မာဒေသအများအပြားမှာ ဩဂုတ် ၃ ရက်အထိ မိုးကြီးနိုင်

မြန်မာဒေသအများအပြားမှာ ဩဂုတ် ၃ ရက်အထိ မိုးကြီးနိုင်

၂ ဩဂုတ် | New Day Myanmar

မြန်မာနိုင်ငံဒေသအများအပြားမှာ ဩဂုတ် ၃ ရက်အထိ မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မိုးကြီးနိုင်တဲ့ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်းနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာ ဒီနေ့အထိ မိုးပိုလာနိုင်ကြောင်း မိုး/ဇလဌာနရဲ့ နှစ်ရက်ကြိုတင်ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကနေ ၃၅ မိုင်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေအထိ မြင့်တက်နိုင်ပါတယ်။

မိုးသည်းထန်တာနဲ့အတူ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် မြစ်ချောင်းအနီး၊ မြေနိမ့်ပိုင်းနဲ့ တောင်စောင်းဒေသတွေမှာ နေထိုင်သူတွေ သတိထားဖို့ လိုအပ်ပါတယ်။ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေလည်း ပင်လယ်ပြင်အခြေအနေကို သတိပြုသင့်ပါတယ်။

Related News

Most Read