Homeပြည်တွင်းသတင်းမြန်မာကနေ ထိုင်းကို နေရပ်စွန့်ခွာလာရသူတွေအတွက် ယူရို ၁၅ သန်း ပံ့ပိုးမည့် EU စီမံကိန်း စတင်

မြန်မာကနေ ထိုင်းကို နေရပ်စွန့်ခွာလာရသူတွေအတွက် ယူရို ၁၅ သန်း ပံ့ပိုးမည့် EU စီမံကိန်း စတင်

၂၂ ဧပြီ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို နေရပ်စွန့်ခွာလာရသူတွေကို ကူညီထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ယူရို ၁၅ သန်း (ထိုင်းဘတ် ၅၇၀ သန်းခန့်) တန်ဖိုးရှိတဲ့ စီမံကိန်းအသစ်တစ်ခု စတင်လိုက်ပါတယ်။

ဒီစီမံကိန်းက မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီ နဲ့ ရာ့ချ်ဘူရီ ခရိုင် ၄ ခုရှိ ယာယီခိုလှုံရာစခန်း ၉ ခုက မြန်မာနေရပ်စွန့်ခွာရသူတွေအပြင် တာ့ခ်ခရိုင်မှာ စခန်းပြင်ပနေထိုင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုပါ ကူညီသွားမယ်လို့ သိရပါတယ်။

အစီအစဉ်အောက်မှာ အခြေခံဝန်ဆောင်မှုနဲ့ အလုပ်အကိုင်အတွက် ယူရို ၁၀.၅ သန်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ယူရို ၂ သန်းနဲ့ ကလေးသူငယ်ကာကွယ်ရေးအတွက် ယူရို ၂.၅ သန်း သုံးစွဲသွားမယ်လို့ ဖော်ပြထားပါတယ်။

IRC က ဦးဆောင်ပြီး စခန်းတွေမှာ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး Expertise France က တာ့ခ်ခရိုင်အတွင်း ကျန်းမာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

UNHCR ကလည်း ကလေးသူငယ်ကာကွယ်ရေးစနစ်တွေကို ပိုမိုခိုင်မာစေပြီး နိုင်ငံတော်အဆင့် မူဘောင်တွေထဲကို ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ ဒုက္ခသည်တွေကို ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်စေပြီး လူမှုအသိုင်းအဝိုင်းမှာ ပိုမိုပါဝင်လာနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ထိုင်းအစိုးရဘက်ကလည်း ဒုက္ခသည်တွေအတွက် တရားဝင်အလုပ်အကိုင်နဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိနိုင်ရေး မူဝါဒတွေ ပြောင်းလဲနေတဲ့အချိန်မှာ ဒီအစီအစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက် ယာယီခိုလှုံရာစခန်းတွေမှာ မြန်မာနေရပ်စွန့်ခွာရသူ ၈၀,၀၀၀ ကျော်ကို လက်ခံထားပြီး ဒီအခြေအနေဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ဒုက္ခသည်အခြေအနေတွေထဲက တစ်ခုဖြစ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး