Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် လက်ပံတောင်းတောင်ဒေသခံများ “Proof of Life” ကမ်ပိန်းပြုလုပ်

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် လက်ပံတောင်းတောင်ဒေသခံများ “Proof of Life” ကမ်ပိန်းပြုလုပ်

၂၂ ဧပြီ ၂၀၂၆ ၊ New Day Myanmar

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသခံတွေနဲ့ ပင်မသပိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရေးအတွက် “Proof of Life” ကမ်ပိန်းကို ဒီကနေ့ ဧပြီ ၂၂ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလှုပ်ရှားမှုအတွင်း ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းနဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ ပြသပေးရန် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

“All in One Piece Movement” က ဧပြီ ၂၁ ရက်နေ့မှာ စတင်ခဲ့တဲ့ အဆိုပါကမ်ပိန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်ပလောကအကြား ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အခြေအနေကြောင့် မိသားစုဝင်တွေ၊ ထောက်ခံသူတွေနဲ့ ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေမှုကို ထင်ဟပ်စေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် နိုင်ငံတကာအစိုးရတွေထံ အကူအညီတောင်းခံခြင်းနဲ့ သတင်းအချက်အလက် ပိုမိုဖော်ထုတ်ပေးရန် တောင်းဆိုမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – GSCB

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး