Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်နေကြောင်း သက်သေပြရန် “Proof of Life” ကမ်ပိန်း စတင်

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်နေကြောင်း သက်သေပြရန် “Proof of Life” ကမ်ပိန်း စတင်

၂၁ ဧပြီ ၂၀၂၆ | New Day Myanmar

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်နေကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ “Proof of Life” ကမ်ပိန်းကို All in One Piece Movement အဖွဲ့က ဧပြီ ၂၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းထားပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားသလို သတင်းအချက်အလက်တွေကိုလည်း အမှောင်ချထားတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အတွက် ဒီကမ်ပိန်းကို စတင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က မိခင်ဖြစ်သူ ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ဟာ သားတစ်ယောက်အနေနဲ့ အခြေခံကျဆုံးတဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ပြောထားပြီး ပြည်သူတွေပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်) မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ရွှေ့ပြောင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘဲ စစ်ကော်မရှင်ဘက်က သတင်းအမှောင်ချထားနေတဲ့အတွက် အခုလို ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုလာတာဖြစ်ပါတယ်။

အနုပညာရှင် ခါရာကလည်း မိမိရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကမ်ပိန်းမှာ ပါဝင်ကြောင်း ဗီဒီယိုတင်ပြထားပြီး တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့ “အမေစု အသက်ရှင်နေကြောင်း သက်သေပြပါ” ဆိုတဲ့ စာသားနဲ့ ဗီဒီယို (သို့မဟုတ်) စာသားတွေ တင်ပြတာ၊ မိမိတို့ နေထိုင်ရာနိုင်ငံတွေက အစိုးရဌာနတွေကို အထောက်အထား ထုတ်ပြန်ပေးရန် တောင်းဆိုတာတွေ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး