Homeပြည်တွင်းသတင်းထိုင်းမှာ မြန်မာ့အရေးဆွေး​နွေးပွဲ တရပ် ဒီဇင်ဘာမှာ ပြုလုပ်မယ်

ထိုင်းမှာ မြန်မာ့အရေးဆွေး​နွေးပွဲ တရပ် ဒီဇင်ဘာမှာ ပြုလုပ်မယ်

၃၀ နိုဝင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲကို လာမယ် ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ပြုလုပ်သွားဖို့ လျာထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုတာကို ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ရဲ့ ပြောကြားချက်အရ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ဖို့ ရက်သေချာ သတ်မှတ်ဖို့နဲ့ ဘယ်သူတွေ ဆွေးနွေးကြမယ်ဆိုတာကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ယခင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ယခု အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနဲ့ လာမယ့် အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့ ပါဝင်ဆွေးနွေးဖို့ ရှိတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် မစ္စတာ Nikorndej Balankura က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ လျောက်ထားမှုအပေါ် ထိုင်းဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ICC ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

Photo – Bangkok Post

Related News

Most Read