Homeအထူးသတင်းထရမ့်က ဟော့မုဇ်ရေလက်ကြားဖြတ်သန်းခ ၂၀ ရာခိုင်နှုန်း မနေ့ကကောက်မယ်ပြော၊ ဒီနေ့မကောက်တော့ဘူး ထပ်ပြော

ထရမ့်က ဟော့မုဇ်ရေလက်ကြားဖြတ်သန်းခ ၂၀ ရာခိုင်နှုန်း မနေ့ကကောက်မယ်ပြော၊ ဒီနေ့မကောက်တော့ဘူး ထပ်ပြော

၁၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော့မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘောတွေအပေါ် ကုန်ပစ္စည်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို လုံခြုံရေးအခကြေးငွေအဖြစ် ကောက်ခံမယ့်အစီအစဉ်ကို ကြေညာပြီး တရက်မပြည့်ခင်မှာပဲ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

ထရမ့်ဟာ ဇူလိုင် ၁၃ ရက်မှာ Truth Social ကနေ အမေရိကန်က ဟော့မုဇ်ရေလက်ကြားကို လုံခြုံရေးပေးနေရတဲ့ ကုန်ကျစရိတ်အတွက် ကုန်တင်သင်္ဘောတွေရဲ့ ကုန်ပစ္စည်းတန်ဖိုး ၂၀ ရာခိုင်နှုန်းကို “U.S. Reimbursement Fee” အဖြစ် ကောက်ခံမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဇူလိုင် ၁၄ ရက်မှာတော့ အရှေ့အလယ်ပိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ အကျိုးရှိခဲ့တယ်လို့ဆိုပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းကာ ပင်လယ်ကွေ့ဒေသနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေက အမေရိကန်အတွက် ပိုမိုအကျိုးရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

Reuters ရဲ့ ဖော်ပြချက်အရ ထရမ့်ဟာ အခကြေးငွေကောက်ခံမယ့် အစီအစဉ် စတင်အသက်ဝင်မယ့်အချိန်မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပြီး မူလကြေညာချက်နဲ့ ပြန်လည်ဖျက်သိမ်းတဲ့ကြားကာလဟာ ၂၄ နာရီမပြည့်ခဲ့ပါဘူး။

ဟော့မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အရေးပါတဲ့ ရေကြောင်းလမ်းကြောင်းတခုဖြစ်ပြီး အဲဒီရေလက်ကြားမှာ အခကြေးငွေကောက်ခံမယ့် ထရမ့်ရဲ့ အဆိုပြုချက်ကြောင့် နိုင်ငံတကာ သင်္ဘောလုပ်ငန်းနဲ့ စွမ်းအင်ဈေးကွက်တွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

Related News

Most Read