Homeပြည်တွင်းသတင်းအစ္စရေး နဲ့ အီရန်အပစ်ရပ်ရန် သဘောတူညီခဲ့ကြတယ်လို့ ထရမ့် ပြော

အစ္စရေး နဲ့ အီရန်အပစ်ရပ်ရန် သဘောတူညီခဲ့ကြတယ်လို့ ထရမ့် ပြော

၂၄ ဇွန် ၊၂၀၂၅

အစ္စရေးနဲ့ အီရန်တို့ဟာ အမေရိကန် ကြားဝင်ညှိနှိုင်းမှုနဲ့ အပစ်ရပ်ရန် သဘောတူညီခဲ့ကြပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဇွန် ၂၃ရက် (တနင်္လာနေ့) ညနေပိုင်းက ပြောကြားခဲ့ပါတယ်။

“၁၂ ရက်စစ်ပွဲ လို့ ခေါ်ဆိုသင့်တဲ့ ဒီစစ်ပွဲကို အဆုံး သတ်နိုင်ခဲ့တဲ့ သတ္တိ၊ ကြံ့ခိုင်မှုနဲ့ ဉာဏ်ပညာရှိကြတဲ့ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံလုံးကို ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်” လို့ ထရမ့်က ရေးသားထားပါတယ်။

ထရမ့်ရဲ့ အခုလို ပြောကြားချက်အပေါ်မှာ အစ္စရေးနဲ့ အီရန်ဘက်က တရားဝင် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

နှစ်နိုင်ငံမူအရ အပစ်ရပ်ဖို့ သဘောတူညီချက်ရ ထားပြီး အီရန်စံတော်ချိန် မနက် ၄ နာရီ မတိုင်ခင် အစ္စရေး ဘက်က အပစ်ရပ်ရမယ်မှာဖြစ်ပြီး၊ ဒါမှသာ အီရန်ဘက်ကလည်း အပစ်ရပ်မယ်လို့ အီရန်နိုင်ငံခြား ရေးဝန်ကြီးဘက်က ရေးသားထားတာကိုလည်းတွေ့ရပါတယ်။

အီရန်ရဲ့ နျူကလီးယား စခန်း၃ခုကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ အတွက် ရီရန်ဘက်ကလည်း ကာတာနိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်ရဲ့ အကြီးဆုံးစစ်အခြေစိုက်စခန်းဖြစ်တဲ့ Al Udeid လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။

ဒီအပေါ် မှာ စစ်ပွဲတွေ ကူးပြီး ပြန်လည်တိုက်ခိုက်ကြမှာကိုလည်း ကာတာပြည်သူကစိုးရိမ်မှုတွေမြင့်တက်ခဲ့ တာမျိုး ရှိနေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာစစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက “အီရန်က ကာတာကို ဒုံးကျည်နဲ့ မပစ်ခင် ကာတာအစိုးရနဲ့ ကြိုတင်ညှိနှိုင်းခဲ့သလို ပစ်ခါနီးမှာလဲ အမေရိကန်ကို သံတမန်လမ်းကြောင်း ၂ ခုကနေ ကြိုတင် အသိပေးခဲ့ပါတယ်။ လူအသေအပျောက် မရှိအောင်လဲ ကြိုပြင်ထားခဲ့ကြပါတယ်။

စစ်ပွဲ မြန်မြန်ပြေလည်သွားအောင် ကာတာက သူ့ဆီက U.S Base ကို အပစ်ခံလိုက်တာလို့ သိရပါတယ်။ အီရန် လဲ သိက္ခာဆည်လို့ ရအောင်ပါ။ လူမြင်ကောင်းအောင် စာတွေထုတ်ပေမယ့် အာရပ်နိုင်ငံတွေနဲ့ အမေရိကန် ကြိုညှိထားတဲ့အကွက်ပါပဲ။”လို့ သူက မျှဝေထားပါတယ်။

ဓာတ်ပုံ – FOX NEWS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး