Homeပြည်တွင်းသတင်းငလျင်ကြောင့် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦး ကျဆုံး၊ စစ်ကောင်စီ သတင်းဖုံးကွယ်ထား

ငလျင်ကြောင့် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦး ကျဆုံး၊ စစ်ကောင်စီ သတင်းဖုံးကွယ်ထား

ဇွန်၊ ၂၀၂၅

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဇွန် ၇ ရက်က ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ ထောင်တွင်းအဆောက်အအုံပြိုကျမှုကြောင့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၀ ဦး သေဆုံးခဲ့ပြီး၊ အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီအနေနဲဲ့ သတင်းအမှောင်ချထားတာကြောင့် မိသားစုတွေက သိရှိရခြင်းမရှိသေးတာကြောင့် သက်ဆိုင်ရာ ဘာသာအလိုက် လုပ်ဆောင်ရမှာတွေလည်း မလုပ်ဆောင်ရသေးဘူးလို့ ထုတ်ပြန်ပါတယ်။

ထောင်အတွင်းရှိ အဆောင်တွေဟာ အိုဟောင်းပြီး ခိုင်မာမှုနည်းပါးတဲ့ အဆောက်အအုံတွေဖြစ်ပြီး ထောင်တွင်းမှာလည်း လူပြည့်နှက်နေတာကြောင့်ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးမှုအများအပြားဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read