Homeပြည်တွင်းသတင်းထိုင်းအစိုးရပိုင် မြေတွေကို မြန်မာတွေထံ လက်ညိုးထိုးလိမ်လည်ရောင်းချနေ

ထိုင်းအစိုးရပိုင် မြေတွေကို မြန်မာတွေထံ လက်ညိုးထိုးလိမ်လည်ရောင်းချနေ

၂၆ မေ၊ ၂၀၂၅

ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းအစိုးရပိုင်မြေတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူဖို့ လိမ်လည်ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ The Nation သတင်းစာမှာ ဖော်ပြလာပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း က ချင်းရိုင်နဲ့ မယ်ဆိုင် ဒေသတွေမှာ ငွေကြေးတတ်နိုင်တဲ့ မြန်မာတွေနဲ့ ပြည်တွင်း ပဋိပက္ခတွေကနေ ရှောင်ရှားနေလိုတဲ့ မြန်မာတွေကို ရည်ရွယ်ပြီး ထိုင်းအစိုးရ ပိုင်မြေတွေနဲ့ ကာကွယ်ထားတဲ့ သစ်တောလို မြေနေရာတွေက မြေတွေကို လိမ်လည်ရောင်းချတာတွေရှိတယ်လို့ ဆိုပါတယ်။

ရောင်းချသူတွေကတော့ လူမှုကွန်ရက်မှာ Like နဲ့ Follwers သောင်းချီရှိနေတဲ့ ဆယ်လီတွေဖြစ်ကြပြီး Online မှာ အများဆုံးရောင်းချနေကြတာဖြစ်တယ်လို့ လည်း သတင်းမှာဖော်ပြထားပါတယ်။

ရောင်းချသူတွေက သူတို့ရောင်းချတဲ့ အခါ မြန်မာနိုင်ငံနဲ့ နီးပြီး အေးချမ်းတဲ့နေရာဖြစ်တယ်လို့ အဓိက ပြောဆိုရောင်းချနေကြတယ်လို့ ဆိုပါတယ်။ ဒီမြေတွေဟာ အစိုးရ မြေတွေဖြစ်တဲ့ အတွက် ဝယ်မိရင် ကြီးလေးတဲ့ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

ဆက်စပ် သတင်းများ

Most read